မင်္ဂလာပါ တော်ဝင်ကုမ္ပဏီ

တော်ဝင်စင်တာ

တော်ဝင်စင်တာ သည် ရန်ကုန်မြို့တော်ရဲ့ စီးပွားရေး အချက်အချာ ကျတဲ့ နေရာမှာရှိပြီး မြို့နယ်ပေါင်း (၁၈) မြို့နယ်နှင့် ဆက်သွယ် သွားလာနိုင်တဲ့ နေရာမှာ တည်ရှိပါသည်။ Taw Win Centre ကြီးသည် စုစုပေါင်း အထပ် (၁၀) ထပ်ရှိပြီး မြေဧက (၂.၄၃) ပေါ်တွင် တည်ထောင် ထားရှိခြင်းဖြစ်ပါသည်။

Read More

တော်ဝင်ဟိုတယ်

တော်ဝင်ဥယျာဉ်အဆင့်မြင့်ဟိုတယ်သည် ကမ္ဘာ့အဆင့်မီလုပ်ငန်းများအတွက် ရုံးခန်းအဖြစ်အသုံးပြုရန် သင့်တော်ရုံသာမက အဆင့်မြင့်မြင့်တည်းခိုလိုသော ခရီးသွားများအတွက်ပါ အဆင်ပြေစွာတည်းခိုနိုင်သော ဟိုတယ်တစ်ခုဖြစ်ပါသည်။

Read More

တော်ဝင်ဆောက်လုပ်ရေး

တော်ဝင်ဆောက်လုပ်ရေးသည်နိုင်ငံသားတိုင်း လူနေမှုအဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်စေရန် ခိုင်ခံ့လှပသပ်ရပ်ပြီးခေတ်မီလှပသော အဆောက်အဦ်များကို သက်သာသောဈေးနှုန်းဖြင့် တာဝန်ယူဆောက်လုပ်ပေးလျက် ရှိပါသည်။

Read More

တော်ဝင်ဖွံဖြိုးမှုဖောင်ဒေးရှင်း

တော်ဝင်ဖွံဖြိုးမှုဖောင်ဒေးရှင်းသည် သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လှူဒါန်းပေးခြင်းဖြင့် နိုင်ငံတော်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

Read More

တော်ဝင်အကြောင်း

တော်ဝင်စင်တာသည် စုစုပေါင်း အထပ် (၁၀) ထပ်ရှိပြီး မြေဧက (၂.၄၃) ပေါ်တွင် တည်ထောင် ထားရှိခြင်းဖြစ်ပါသည်။ တော်ဝင်ဂါးဒင်းအဆင့်မြင့်ဟိုတယ်သည် တည်းခိုဖို့ရန်သာမက ရုံးခန်းအဖြစ်ပါသင့်လျော်သည်။ တော်ဝင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစုသည် သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လှူဒါန်းပေးခြင်းဖြင့် နိုင်ငံတော်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ တော်ဝင်ဆောက်လုပ်ရေးသည်နိုင်ငံသားတိုင်း လူနေမှုအဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်စေရန် ခိုင်ခံ့လှပသပ်ရပ်ပြီးခေတ်မီလှပသော အဆောက်အဦ်များကို သက်သာသောဈေးနှုန်းဖြင့် တာဝန်ယူဆောက်လုပ်ပေးလျက် ရှိပါသည်။

ဆက်ရန်

View All

Recent News

 နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်သည့်အခါများတွင် ပညာတတ်များဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်ပြီး ပညာတတ်၊ အရည်အချင်းပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာရေးသည်  အခြေခံပညာမူလတန်းမှ ...
ပြည်တွင်းပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် စတင်ပြင်ဆင်နေပြီဖြစ်ရာ ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရေးလုပ်ငန်းတွင် မြေနေရာအခက်အခဲဖြစ်နေသည်ဟု ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ...
နိဗ္ဗာန်ဆော်မူကား ကောင်းမှုကုသိုလ် ပြုလုပ်ရန် ဆော်ဩသူလို့ ကိုလိုနီခေတ် သိပံ္ပမောင်ဝ ရေးသားထားတဲ့ နိဗ္ဗာန်ဆော်စကားပြေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ မြန်မာလူမျိုးတွေရဲ့ စိတ်နှလုံးသားထဲမှာ ...
View All

Upcoming Events

01/03/2014 - 03/03/2014

တက္ကသိုလ်

တက္ကသိုလ် ပညာရေးမူဝါဒမူကြမ်းကို ပြန်လည် ဆွေးနွေးကြဖို့ အစိုးရတာဝန်ရှိသူတွေနဲ. တက္ကသိုလ် ဆရာ၊ ဆရာမတွေ ကြားသဘောတူညီမှုရခဲ့ကြပြီ ဖြစ်ပါတယ်။ ပညာရေးမူဝါဒမူကြမ်းကို အစအဆုံး ပြန်လည် ဆွေးနွေ ...

01/03/2014 - 21/03/2014

မြန်မာ့ ရုပ်ရှင်

၂ဝ၁၂ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ‘ဥ’ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ ချောရတနာက အခုလိုမျိုးဆုရရှိခဲ့တဲ့အပေါ်မှာ အတိုင်းမသိဝမ်းသာပျော်ရွှင် ...

14/03/2014 - 24/03/2014

တော်ဝင်အခန်းအနား

၂ဝ၁၂ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ‘ဥ’ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ ချောရတနာက အခုလိုမျိုးဆုရရှိခဲ့တဲ့အပေါ်မှာ အတိုင်းမသိဝမ်းသာပျော်ရွှင် ...

မူလစာမျက်နှာ

 နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်သည့်အခါများတွင် ပညာတတ်များဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်ပြီး ပညာတတ်၊ အရည်အချင်းပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာရေးသည်  အခြေခံပညာမူလတန်းမှ စတင်ကာ အရေးကြီးသည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်ကပြောသည်။
"ကျေးလက်ဒေသက မိဘတွေဟာ စာပေအသိပညာအားနည်းနိုင်တယ်။ ဒါ့ကြောင့် ကလေးတွေကို စာကြိုးစားဖို့၊ ပညာတတ်လူငယ်တွေ မွေးထုတ်ပေးနိုင်ဖို့က ဆရာ/ဆရာမတွေအပေါ်မှာ အများကြီး မူတည်တယ်"ဟု ၀န်ကြီးချုပ် ဦးသိန်းအောင်က ဖေဖော်ဝါရီလ ၂၆ ရက်က ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲ၊ သဇင်ကျေးရွာရှိ ဂျာမန်အန်ဂျီအိုတစ်ခုက အသစ်ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပြောသည်။ ၎င်းက နိုင်ငံတော်အစိုးရအနေဖြင့်လည်း သင်ရိုးညွှန်းတမ်းများကို ဒေသတွင်းသာမက၊ ကမ္ဘာ့အဆင့်မီအောင် ကြိုးစားပြင်ဆင်နေရာ မကြာခင် သင်ရိုးညွှန်းတမ်းများ ထွက်လာမည်ဟု ဆိုသည်။ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်ပြီး "နိုင်ငံတော် အစိုးရအနေနဲ့က တစ်တိုင်းပြည်လုံးအတွက် စဉ်းစားရလို့ ဒီလို ကျောင်းဆောက်ဖို့ ငွေကြေးအင်အား မတတ်နိုင်ပါဘူး။ ကျောင်းဆောင်သစ်ကိုရော၊ ရေသန့်စက်ပါ လှူဒါန်းပေးတဲ့ စေတနာရှင်တွေကို ကျေးဇူးတင်ဖို့ ကောင်းတယ်။ အလှူရှင်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆရာ/ဆရာမ တွေဘက်ကရော ကျောင်းသားတွေဘက်ကပါ အထူးကြိုးစားဖို့လိုတယ်" ဟု ဦးသိန်းအောင်က ပြောသည်။ ထို့အတူ ဝန်ကြီးက ငွေဆောင်မှ သဇင်ကျေးရွာသို့လာသည့် လမ်းကို ပြုပြင်ရန်အတွက်လည်း ၂၀၁၄-၁၅ ဘတ်ဂျက်ထဲတွင် ထည့်သွင်းပြီး တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ပြင်ပေးမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။